
0
442




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စစ်တိုင်းမှူးတစ်ဦးကို အနားပေး

ရခိုင်ပြည်နယ် ပဋိပက္ခမှာ လုပ်ဆောင်ချက်တွေ အားနည်းမှု ရှိနေတဲ့အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အနားပေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပဋိပက္ခအတွင်း တည်ဆဲစစ်ဖက်၊ နယ်ဘက် ဥပဒေတွေနဲ့ အညီ ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြစ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဒု ဗိုလ်ချုပ်ကြီး တစ်ဦး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိ၊ စစ်သည် ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ကို တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူ အပြစ်ပေးခဲ့ပြီး အမှုမှာ ပါဝင်တဲ့ အရပ်သားတွေကိုလည်း သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲ အရေးယူ အပြစ်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)