မႏၱေလး ေတာသႀကၤန္ ညေစ်းမွာ ေရာင္းလိုသူေတြ အခမဲ့ ေနရာခ်ထားေပးမယ္

0
980

မႏၱေလး သႀကၤန္ကာလမွာ ေတာသႀကၤန္ညေစ်း ေနရာခ်ထားမႈကို ဦးရာစနစ္နဲ႔ ေပးမွာ ျဖစ္တဲ့အတြက္ ေစ်းဆိုင္ဖြင့္လိုသူေတြ အေနနဲ႔ မတ္လ ၃၁ ရက္ ေနာက္ဆံုးထားၿပီး မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အခြန္ဌာနမွာ ေလွ်ာက္လႊာပံုစံေတြ အခမဲ့ ရယူ စာရင္းသြင္းႏိုင္ၿပီ ျဖစ္ပါတယ္။

ေတာသႀကၤန္ ညေစ်းကို က်ံဳးၿမိဳ႕႐ိုး အေရွ႕ဘက္ (၆၆) လမ္းေပၚမွာ ခင္းက်င္းေနရာခ်ေပးမွာ ျဖစ္ၿပီး သႀကၤန္ အႀကိဳေန႔ကေန အတက္ေန႔အထိ ေန႔စဥ္ ည ၇ နာရီကေန ည ၁၁ နာရီအထိ ေရာင္းခ်ႏိုင္မွာ ျဖစ္ပါတယ္။

ေတာသႀကၤန္ ညေစ်းမွာ ျမန္မာ့႐ိုးရာ အစားအစာ၊ မွတ္တရ ပစၥည္း၊ စာအုပ္ဆိုင္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ ေရွး႐ုပ္ရွင္ျပစက္ေတြနဲ႔ ဂႏၳဝင္ ႐ုပ္ရွင္ကားေဟာင္းေတြကို ျပန္လည္ျပသမယ့္ အစီအစဥ္၊ ႐ိုးရာ ႐ုပ္ႀကီးစင္၊ ဆင္အက၊ အိုးစည္ဝိုင္း၊ ဒိုးပတ္ဝိုင္း၊ ျခင္းအလွခတ္၊ ေခ်ာတိုင္တက္၊ သနပ္ခါးလူးပြဲေတြလည္း ပါဝင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေး တောသင်္ကြန် ညဈေးမှာ ရောင်းလိုသူတွေ အခမဲ့ နေရာချထားပေးမယ်

မန္တလေး သင်္ကြန်ကာလမှာ တောသင်္ကြန်ညဈေး နေရာချထားမှုကို ဦးရာစနစ်နဲ့ ပေးမှာ ဖြစ်တဲ့အတွက် ဈေးဆိုင်ဖွင့်လိုသူတွေ အနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှာ လျှောက်လွှာပုံစံတွေ အခမဲ့ ရယူ စာရင်းသွင်းနိုင်ပြီ ဖြစ်ပါတယ်။

တောသင်္ကြန် ညဈေးကို ကျုံးမြို့ရိုး အရှေ့ဘက် (၆၆) လမ်းပေါ်မှာ ခင်းကျင်းနေရာချပေးမှာ ဖြစ်ပြီး သင်္ကြန် အကြိုနေ့ကနေ အတက်နေ့အထိ နေ့စဉ် ည ၇ နာရီကနေ ည ၁၁ နာရီအထိ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

တောသင်္ကြန် ညဈေးမှာ မြန်မာ့ရိုးရာ အစားအစာ၊ မှတ်တရ ပစ္စည်း၊ စာအုပ်ဆိုင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ရှေးရုပ်ရှင်ပြစက်တွေနဲ့ ဂန္ထဝင် ရုပ်ရှင်ကားဟောင်းတွေကို ပြန်လည်ပြသမယ့် အစီအစဉ်၊ ရိုးရာ ရုပ်ကြီးစင်၊ ဆင်အက၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ခြင်းအလှခတ်၊ ချောတိုင်တက်၊ သနပ်ခါးလူးပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)