႐ိုးရာသိုင္းပညာေတြ မတိမ္ေကာေအာင္ လူငယ္ေတြကို ျမန္မာ့သိုင္းပညာ အခမဲ့ သင္ၾကားေပး

0
995

ျမန္မာ့႐ိုးရာ သိုင္းပညာေတြ မတိမ္ေကာေအာင္ အင္းသား လူမႈေရးအသင္းနဲ႔ အားကစားနဲ႔ ကာယပညာဦးစီးဌာနတို႔ ပူးေပါင္းၿပီး တာခ်ီလိတ္ၿမိဳ႕မွာ မတ္လ ၁ ရက္ေန႔ကေန ဧၿပီလ ၁ ရက္ေန႔အထိ တစ္လၾကာ အခမဲ့သင္ၾကားေပးေနပါတယ္။

အခုလို သင္ၾကားေပးတာဟာ ျမန္မာ့႐ိုးရာ သိုင္းပညာရွင္ေတြ မတိမ္ေကာ မပေပ်ာက္ေစဖို႔၊ ျမန္မာ့႐ိုးရာ သုိင္းပညာေတြ ေခတ္စနစ္နဲ႔အညီ တိုးတက္ ျပန္႔ပြားေစဖို႔နဲ႔ မ်ိဳးဆက္သစ္ လူငယ္ကစားသမားေတြ ေပၚထြက္လာေစဖုိ႔ ရည္ရြယ္ၿပီး ဖြင့္လွစ္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံသိုင္းအဖြဲ႔ခ်ဳပ္ (ရန္ကုန္)၊ ပၪၥဂုဏ္ေရာင္ ပင္မသိုင္းအဖြဲ႔နဲ႔ တိုင္းေနာင္ ပင္မသိုင္းအဖြဲ႔ (ေတာင္ႀကီးၿမိဳ႕) တို႔က သင္တန္းနည္းျပေတြ ဦးေဆာင္သင္ၾကားေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုးရာသိုင်းပညာတွေ မတိမ်ကောအောင် လူငယ်တွေကို မြန်မာ့သိုင်းပညာ အခမဲ့ သင်ကြားပေး

မြန်မာ့ရိုးရာ သိုင်းပညာတွေ မတိမ်ကောအောင် အင်းသား လူမှုရေးအသင်းနဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တာချီလိတ်မြို့မှာ မတ်လ ၁ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ တစ်လကြာ အခမဲ့သင်ကြားပေးနေပါတယ်။

အခုလို သင်ကြားပေးတာဟာ မြန်မာ့ရိုးရာ သိုင်းပညာရှင်တွေ မတိမ်ကော မပပျောက်စေဖို့၊ မြန်မာ့ရိုးရာ သိုင်းပညာတွေ ခေတ်စနစ်နဲ့အညီ တိုးတက် ပြန့်ပွားစေဖို့နဲ့ မျိုးဆက်သစ် လူငယ်ကစားသမားတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် (ရန်ကုန်)၊ ပဉ္စဂုဏ်ရောင် ပင်မသိုင်းအဖွဲ့နဲ့ တိုင်းနောင် ပင်မသိုင်းအဖွဲ့ (တောင်ကြီးမြို့) တို့က သင်တန်းနည်းပြတွေ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)