
0
828




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ စတင်ရိုက်ကူးမယ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဇာတ်ညွှန်စတင်ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးကာ ၂၀၂၀ နှစ်ဦးပိုင်းမှာ ရုံတင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။

မနေ့က မတ်လ ၇ ရက် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ပြောသွားတာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးလူမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကလည်း လုပ်ငန်းဆောင်ရွက်နေမှုတွေကို ဆွေးနွေးတင်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)