ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ KNPP ေတြ႕ဆံုေဆြးေႏြး

0
794

ၿငိမ္းခ်မ္းေရးေကာ္မရွင္ (PC) နဲ႔ ကရင္နီအမ်ဳိးသား တိုးတက္ေရးပါတီ (KNPP) ကိုယ္စားလွယ္အဖြဲ႔တို႔ဟာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) မွာ ပါဝင္လက္မွတ္ေရးထိုးေရး အလြတ္သေဘာ ေတြ႕ဆံု ေဆြးေႏြးပါတယ္။

မေန႔က မတ္ ၇ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ႐ံုးမွာ ေတြ႔ဆံုေဆြးေႏြးတာ ျဖစ္ၿပီး တရားဝင္ေတြ႔ဆံု ေဆြးေႏြးပြဲ လုပ္ေဆာင္ပါက ကယားျပည္နယ္၊ လြိဳင္ေကာ္မွာ တရားဝင္ ေတြ႔ဆံုေဆြးေႏြးဖို႔ KNPP က အဆိုျပဳခဲ့ပါတယ္။

KNPP က အပစ္အခတ္ရပ္စဲေရး ျပည္နယ္အဆင့္ သေဘာတူလက္မွတ္ေရးထိုးတာ ၆ ႏွစ္ျပည့္ၿပီျဖစ္ၿပီး အစိုးသစ္နဲ႔ ပထမဆံုး ေဆြ႔ဆံုညွိႏိႈင္းတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်အဖွဲ့တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးရေး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပါတယ်။

မနေ့က မတ် ၇ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပြီး တရားဝင်တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ပါက ကယားပြည်နယ်၊ လွိုင်ကော်မှာ တရားဝင် တွေ့ဆုံဆွေးနွေးဖို့ KNPP က အဆိုပြုခဲ့ပါတယ်။

KNPP က အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် သဘောတူလက်မှတ်ရေးထိုးတာ ၆ နှစ်ပြည့်ပြီဖြစ်ပြီး အစိုးသစ်နဲ့ ပထမဆုံး ဆွေ့ဆုံညှိနှိုင်းတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)