အစည်းအဝေးထဲ ၀င်ထိုင်မှ ငြိမ်းချမ်းရေးမှာ ပါဝင်ခြင်း မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
286

အစည်းအဝေးထဲ ၀င်ထိုင်မှ ငြိမ်းချမ်းရေးမှာ ပါဝင်ခြင်း မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၈) ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန (၂) မှာကျင်းပတဲ့  ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာ တော့ ငြိမ်းချမ်းရေးဆိုတာ အစည်းအဝေးထဲက စခြင်းမဟုတ်ပါကြောင်းနဲ့ ပြည်သူလူထုရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲကသာ စတင်တာမျိုးဖြစ်တာကြောင့် အဲ့ဒီလိုကဏ္ဍတွေမှာ အမျိုးသမီးတွေအနေနဲ့ များစွာ ကူညီနိုင်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

အလားတူ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေအနေနဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဆိုပြီး လှုပ်ရှားနေပါကြောင်းနဲ့  ၃၀ ရာခိုင်နှုန်းသာမက ၅၀ ရာခိုင်နှုန်း ပါဝင်စေလိုပါ ကြောင်းကိုပါ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အခမ်းအနားကိုတော့ မြန်မာနိုင်မှာ “၂၀၃၀ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှုကို မြှင့်တင်စို့” ဦးတည်ချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)