ဝင်းနဲ့ ဇော် အမှု အပြီးသတ် အယူခံမှာ အနိုင်ရရေး ကူညီကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

0
267

နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် ၀င်းနဲ့ ဇော် အမှု အပြီးသတ် အယူခံမှာ အနိုင်ရရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ သူရဦးရွှေမန်းက မေတ္တာရပ်ခံ ပန့်ကြားလိုက်တယ်။

ဗြိတိန်နိုင်ငံသား စုံတွဲသတ်ဖြတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အမှု အယူခံပယ်ခံခဲ့ရတဲ့အပေါ် လွှတ်တော် ဥက္ကဋ္ဌ (ဟောင်း) ဦးရွှေမန်းက မတ်လ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ “နိုင်ငံသား နှစ်ဦးရဲ့ အသက်အပြင် သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် အယူခံအနိုင်ရရှိရေးနဲ့ အခြားဆောင်ရွက်ဖို့ကိစ္စတွေကို ဆောင်ရွက်နိုင်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားကြောင်း” ပြောဆိုထားတာပါ။

ဒါ့အပြင် သူ့အနေနဲ့လည်း တတ်နိုင်တဲ့ ဘက်က ကြိုးစားဆောင်ရွက်မယ်လို့လည်း ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)