နိုင်ငံရဲ့ စီးပွားရေး အကောင်းဘက်ကို ရှေးရှုတဲ့အခြေအနေ မဟုတ်ဟု ကြံ့ခိုင်ရေး ဝေဖန်

0
361

နိုင်ငံရဲ့ စီးပွားရေးအခြေအနေ အကောင်းဘက်ကို ရှေးရှုတဲ့ အခြေအနေ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီက ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မတ်လ (၇) ရက်နေ့က ညောင်ရွှေမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် အဲ့ဒီလိုပြောကြား လိုက်တာပါ။

အဲ့ဒီလိုပြောကြားမှာတော့ စီးပွားရေးအခြေအနေ အခုလိုဖြစ်ပေါ်နေတာဟာ အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းပေါ်တွင်မူတည်နေတယ်လို့လည်း ဦးသန်းဌေးက ဆိုတာပါ။

ဒါအပြင် လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချတာတွေဟာ တာဝန် ကြီးကြီး မားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်တဲ့ အပြုအမူမဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)