သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ ရက်အစား ၅ ရက်သို့ လျှော့ချရန် အစိုးရ စဉ်းစားနေ

0
309

၂၀၁၇ ခုနှစ် မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက် ၁၀ ရက်အစား အကြိုနေ့ကနေ နှစ်ဆန်း တစ်ရက်နေ့အထိ ၅ ရက်သာ ပြန်သတ်မှတ်ဖို့ အစိုးရက စဉ်းစားသုံးသပ်နေပါတယ်။

ပိတ်ရက်ကို ၅ ရက်ပဲ သတ်မှတ်လိုက်ပါက ဗဟိုအဖွဲ့အစည်းများနဲ့ အစိုးရဝန်ကြီးဌာနများမှာ ကြိုတင် စီစဉ်ထားတဲ့ လုပ်ငန်းများ ထိခိုက်မှုနဲ့ အဆင်ပြေမှု ရှိ၊ မရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို မနက်ဖြန် မတ်လ ၉ ရက်နေ့ ညနေ ပြန်လည် အကြောင်းကြားပေးဖို့ ဖော်ပြထားပါတယ်။

အကြောင်းကြားစာမှာ ပိတ်ရက်တွေကို သီတင်းကျွတ်၊ တန်ဆောင်တိုင် စတဲ့ ရုံးပိတ်ရက်တွေမှာ အစားထိုးဖြည့်သွင်းဖို့လည်း အကြံပြုထားပါတယ်။

အခုလိုမျိုး သင်္ကြန်ပိတ်ရက်ကို လျှော့ချဖို့ စီစဉ်ရတာဟာ ဘဏ်လုပ်ငန်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးတွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံ လုပ်ကိုင်ရတာတွေ အခက်အခဲရှိတာကြောင့်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက်အဖြစ် ၂၀၁၆ ခုနှစ်က သတ်မှတ်ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)