အာဏာပိုင်တွေ တရားစွဲဆိုမှုမှာ ပတ်သက်နေကြောင်း သတင်းထောက် ကိုဆွေဝင်း ထုတ်ဖော်ပြောကြား

0
303

တရားစွဲဆိုမှုမှာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတယ်လို့ သတင်းထောက် ကိုဆွေဝင်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဦးဝီရသူရဲ့ ညွှန်ကြားချက်အရ ဦးကျော်မျိုးရွှေက မန္တလေးမြို့မှာ ဆက်​သွယ်​​ရေးဥပ​ဒေ ပုဒ်​မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Now သတင်း​ထောက်​ ကို​ဆွေဝင်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာ ဦးကျော်မျိုးရွှေရဲ့ အမှုဖွင့် တိုင်ကြားစာမှာ ဖော်ပြထားတဲ့ ကို​ဆွေဝင်းရဲ့ မှတ်ပုံတင်အမှတ်အပါဝင် မကြာသေးခင်ကမှ ပြောင်းရွှေ့နေထိုင် နေတဲ့ နေရပ်လိပ်စာကို ထည့်သွင်းဖော်ပြတဲ့အပေါ် အာဏာပိုင်အဖွဲ့အစည်းတွေက ပူးပေါင်ကြံစည်တာ ထင်ရှား ကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက် ကိုဆွေဝင်းက ဥပဒေအရ တုံပြန်ဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)