လူသတ်သမားတွေကို ကျေးဇူးတင်စကားပြောတဲ့ ဦးဝီရသူကို တရားစွဲဖို့ ဥပဒေ မရှိတဲ့အပေါ် မကျေနပ်ဟုဆို

0
504

လူသတ်သမားတွေကို ကျေးဇူးတင်စကား ပြောတဲ့ ဦးဝီရသူကို တရားစွဲဖို့ ဥပဒေ မရှိတဲ့အပေါ် မကျေနပ်ကြောင်း သတင်းစာဆရာ စည်သူအောင်မြင့်က ပြောကြားလိုက်ပါတယ်။

Myanmar Now က သတင်းထောက် ကိုဆွေဝင်းကို ဦးဝီရသူရဲ့ ညွှန်ကြားချက်အရ ပုဒ်မ ၆၆ (ဃ) နဲ့  ရဲစခန်းမှာ အမှုဖွင့် တိုင်တန်း ခံထားရတဲ့ အပေါ် ဆရာစည်သူအောင်မြင့်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီလို ပြောကြား လိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ “သတင်းစာဆရာကို တရားစွဲဖို့ ဥပဒေကရှိပြီး တိုင်းဖျက် ပြည်ဖျက် လူသတ် စက်ဆုတ် ရွံရှာစရာ ကောင်းတဲ့ အကြမ်းဖက် သမားတွေကို အတိအလင်း ကျေးဇူးတင်စကား ပြောတဲ့ ဦးဝီရသူ လိုမျိုးကို တရားစွဲဖို့ ဥပဒေ မရှိတာ (ကျနော် မသိတာလည်း ဖြစ်နိုင်ပါတယ်။) အတော် မကျေမနပ် ဖြစ်စရာ ကောင်းပါတယ်။”  လို့ ပြောကြားထားတာပါ။

ဒါအပြင် သူ့အနေနဲ့ ဥပဒေအရ ရင်ဆိုင်မယ့် ကိုဆွေဝင်းကို အကူအညီပေးသွားမယ်လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့  ဦးဝီရသူကို ပါရာဇီက ကျတယ်လို့ ရေးတဲ့သတင်းထောက် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ ရက်စွဲနဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းမှာ ဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံ (အရှင်ဝီရသူ) ရဲ့ ညွှန်ကြားချက်အရ ဦးကျော်မျိုးရွှေက အမှုဖွင့်အရေးယူ ပေးဖို့ တိုင်ကြားထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)