ဒေါ်လာဈေးကိစ္စ ပြည်ထောင်စုဝန်ကြီး နှစ်ပါးနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌတို့ ဆွေးနွေး

0
304

ဒေါ်လာဈေးကိစ္စ ပြည်ထောင်စုဝန်ကြီး နှစ်ပါးနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြပါတယ်။ မတ်လ (၈) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစည်းအဝေးခန်းမမှာ အဲ့ဒီလို ဆွေးနွေးခဲ့တာပါ။

ဒီအစည်းအဝေးမှာတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့ အပါအ၀င် ၀န်ကြီးဌာနတွေက အမြဲတမ်း အတွင်းဝန်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

ဒီလိုဆွေးနွေးရာမှာတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကိစ္စရပ်တွေအပေါ် ဗဟိုဘဏ်ကကြပ်မတ်ဆောင်ရွက်ရေးအပါအ၀င် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနဲ့ ဆောင်ရွက်ဖို့ကျန်နေတဲ့ ကိစ္စရပ်တွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုထိရောက်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)