ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ခုနှစ်က ချီးမြှင့်ခံရတဲ့ ဒီမိုကရေစီဆုတံဆိပ် လက်ခံရယူ

0
1355

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် International Association of Political Consultants (IAPC) ကနေ ၁၉၉၅ ခုနှစ်က ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဒီမိုကရေစီဆုတံဆိပ် လက်ခံရယူခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ နေ့ခင်းပိုင်းက အမေရိကန်နိုင်ငံ IAPC ရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ RBI Strategies and Research Inc. ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Rick Ridder ကို လက်ခံတွေ့ဆုံစဉ် ဆုတံဆိပ်ကို လက်ခံရယူခဲ့တာပါ။

IAPC အဖွဲ့ကို  ၁၉၆၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဦးတည်ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

အဲ့ဒီအဖွဲ့ကနေ ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ၁၉၈၂ ခုနှစ်က စတင်ပြီး ဒီမိုကရေစီဆုတံဆိပ်ကို ချီးမြှင့်ခဲ့တာပါ။

အဲ့ဒီဆုတံဆိပ် ပေးအပ်ချီးမြှင့်မှုတွေထဲမှာတော့  ပိုလန်နိုင်ငံက Mr. Lech Walesa ၊ တောင်အာဖရိကနိုင်ငံက Mr. Nelson Mandela တို့လို ပုဂ္ဂိုလ်တွေကို အားချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)