သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးမှုတွေ လုပ်ဖို့လို

0
1210

အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ပြောကြားလိုက်ပါတယ်။

မတ်လ ၈ ရက်နေ့မှာထုတ်ပြန်တဲ့ ၁၀၆ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ် ကြေညာချက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂကအဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီကြေညာချက်ထဲမှာတော့ ၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ တရားဝင်တိုင်ကြားခဲ့တဲ့ မုဒိမ်းမှုပေါင်း ၁၁၀၀ ရှိပြီး အဲ့ဒီထဲမှာ အရွယ်မရောက်သေးတဲ့ သက်ငယ်မုဒိမ်းမှုပေါင်း ၆၇၁ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။  

 ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ တစ်လတည်းမှာလည်း မုဒိမ်းမှုပေါင်း ၁၂၅ မှုရှိနေပြီး  အဲ့ဒီထဲက ၈၁ မှုဟာ အရွယ်မရောက်သေးတဲ့ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်နေတယ်လို့လည်း ဖော်ပြထားတာပါ။

အဲ့ဒီအမှုတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိရောက်တဲ့ အပြစ်ပေးအရေး ယူမှုတွေအပြင် ကျူးလွန်ခံရသူတွေအတွက် ပြန်လည်ကုစားမှုအစီအစဉ်တွေကို လုပ်ဆောင် ပေးဖို့ လိုအပ်ချက်တွေ ရှိတယ်လို့လည်း ထောက်ပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)