တရားရုံးက အယူခံ ပယ်ချစာ ဖတ်ကြားရာမှာ စကားပြန် မပေးခဲ့ဟု ၀င်းနဲ့ ဇော် ဆို

0
1544

တရားရုံးက အယူခံပယ်ချစာ ဖတ်ကြားရာမှာ စကားပြန် မပေးခဲ့ဘူးလို့ သေဒဏ်ချမှတ်ခံထား ရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့က ပြောဆိုလိုက်ပါတယ်။

မတ်လ (၈) ရက်နေ့ မနက်ပိုင်းက ဘန်ကောက်မြို့၊ ဘန်ခဝန်အကျဉ်းထောင်မှာ မြန်မာသံရုံးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် သူတို့နှစ်ဦးက အဲ့ဒီလို ပြောကြားလိုက်တာပါ။  

ဒါအပြင် သူတို့အနေနဲ့ အပြစ်ကျူးလွန်ခဲ့သူတွေ မဟုတ်တာကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ အတတ်နိုင်ဆုံးကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံထားတယ်လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးထူးချစ်က ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည် နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွတ်စွဲခံရကာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်း၊ ကိုဇော်လင်းတို့ နှစ်ဦးအတွက် လိုအပ်မယ်ဆိုရင် ထိုင်းနိုင်ငံ ဘုရင်ဆီအထိ အသနားခံစာ တင်သွင်းသွားမယ်လို့လည်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)