တက္ကသိုလ် ဝင်တန်း စာမေးပွဲများ စတင်ဖြေဆို

0
1327

မြန်မာနိုင်ငံ တဝန်း တက္ကသိုလ် ဝင်တန်း စာမေးပွဲတွေကို ဒီနေ့ မတ်လ (၈) ရက်မှာ စတင် ဖြေဆိုနေကြပါပြီ။

ဓာတ်ပုံတွေကတော့ ရန်ကုန်မြို့၊ လသာမြို့နယ် အမှတ် (၂) အထက်တန်း ကျောင်းက ကျောင်းသူ ကျောင်းသားများ စာမေးဖြေဆိုပြီး ထွက်ခွာလာကြတာ ဖြစ်ပါတယ်။

၂၀၁၇ မှာ အရေးကြီး အစိုးရစစ် စာမေးပွဲတစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၇၆၇၀၀၀ ရှိပါတယ်။

တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်လ ၈ ရက်ကနေ ၁၇ ရက်အထိ ၄၄ မြို့နယ်ရှိ စာဖြေဌာန ၂၁၇ ခုမှာ ကျင်းပနေပါတယ်။ နိုင်ငံခြားရောက် ကျောင်းသားကျောင်းသူ ၁၇၄ ဦးအတွက်လည်း စာဖြေဌာန ၁၇ ခု ဖွင့်ထားပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)