နေပြည်တော် ဝန်ကြီးဌာနရုံးတွေမှာ နေ့ကလေးထိန်းကျောင်းတွေ ဖွင့်ပေးမယ်

0
291

နေပြည်တော်ရှိ အစိုးရဝန်ကြီးဌာနရုံးတွေမှာ နေကလေးထိန်ကျောင်းတွေ ဖွင့်လှစ်ပေးသွားဖို့ ရှိနေပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်တာပါ။

(ဓာတ်ပုံ – Staffan Herrström / Facebook)

နေပြည်တော်မှာ ကျင်းပနေတဲ့ Women and Girls First Initiative အခမ်းအနား အပြီးမှာ အဲ့ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပြောကြားရာမှာတော့ အစိုးရ ၀န်ကြီးဌာနရုံးတွေမှာ နေ့ကလေးထိန်ကျောင်းတွေ ဖွင့်လှစ်ဖို့ ငွေးကြေး လိုအပ်ချက်ရှိပါက ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အလှူရှင် ဖောင်ဒေးရှင်တွေက ကူညီဖို့ အသင့်ရှိတယ်လို့ နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ်ကလည်း ပြောဆိုထားတယ်လို့ ဝန်ကြီးက ပြောကြား ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)