ဝေဖန်ခံနေရသော ပြည်သူ့နီတိ စာအုပ်များ အစိုးရနဲ့ မသက်ဆိုင်

0
463

လူမှုကွန်ရက် Facebook စာမျက်နှာမှာ ဝေဖန်ရေးသားနေကြတဲ့ ပြည်သူ့နီတိ စာအုပ်တွေဟာ အစိုးရအဖွဲ့အစည်းများနဲ့ မသက်ဆိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) က ရေးသား ထုတ်ဝေထားတဲ့ ပြည်သူ့နီတိ စာအုပ်တွေဟာ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီက အတည်ပြုထားတဲ့ ပြဌာန်းစာအုပ်တွေ မဟုတ်ဘူးလို့ ရှင်းလင်းထားပါတယ်။

CDNH ကိုယ်တိုင်ကလည်း သူတို့ ထုတ်ဝေထားတဲ့ နီတိစာအုပ်တွေဟာ အစိုးရနဲ့ မသက်ဆိုင်ပါဘူးလို့ မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဒီနီတိ စာအုပ်တွေကို လက်မခံကြောင်းနဲ့ လိုအပ်သလို တုံ့ပြန်လို့ ပြောဆိုလာတာကြောင့် ပညာရေးဝန်ကြီးဌာနက ရှင်းလင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)