အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်မှု လူမှုဝန်ထမ်းက ထပ်ဆင့် အမှုဖွင့်

0
367

မန္တလေးတိုင်း၊ အမရပူရ မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူတို့ကို လူမှုဝန်ထမ်း ဦးစီးဌာနကနေ ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ ထပ်ဆင့် အမှုဖွင့်လိုက်ပါတယ်။

အမရပူရ မြို့နယ်၊ တောင်သမန်အင်း ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာမှာ အိမ်ငှားနေတဲ့ အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူဟာ အိမ်အကူ မိန်းကလေးကို လက်သီးနဲ့ ထိုးခြင်း၊ ဝါယာကြိုးနဲ့ ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ အပ်နဲ့ထိုးခြင်းတွေ ပြုလုပ် ညှဉ်းပန်း နှိပ်စက်ခဲ့ပါတယ်။

ထန်းတောရွာ ရာအိမ်မှူး ဦးလှတိုးနိုင်က တရားလို ပြုလုပ် တိုင်တန်းခဲ့တာကြောင့် အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးတို့ကို အမှုဖွင့် အရေးယူ စစ်ဆေးနေပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ကလည်း တိုင်ကြားသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီအမှုကို သွားရောက် စစ်ဆေးပြီး ပေါက်ပေါက်လာသမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)