မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေး တည်ဆောက်ဖို့ ကမ္ဘာ့စီးပွားရေးတွေကို ချိတ်ဆက်နိုင်ဖို့ လိုအပ်

0
48

မြန်မာနိုင်ငံအနေနဲ့  ခိုင်မာသည့်စီးပွားရေးအခြေခံကို တည်ဆောက်နိုင်ရန်အတွက် အရှေ့တောင်အာရှ၊ တောင် အာရှနိုင်ငံတွေနဲ့  ဒေသတွင်းစီးပွားရေးတွေကို တိုးမြှင့်ဆောင်ရွက် နိုင်ရန် လိုအပ်သကဲ့သို့ ကမ္ဘာ့စီးပွားရေး တွေကိုလည်း ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ် ။

မနေ့က ကျင်းပတဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးလုပ်ငန်းအဖွဲ့တို့ရဲ့  လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ထည့်သွင်းပြောကြားခဲ့တာပါ။

မိမိတို့နိုင်ငံမှာ  ပြည်တွင်းလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာမှာ  လွယ်ကူမှုရှိစေရန် လိုအပ်သကဲ့သို့ ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသူ များအတွက်လည်း စီးပွား ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ  လွယ်ကူစေရန် စီစဉ်ပေးမှုက အလွန် အရေးကြီးလို့ ဆိုပါတယ် ။

အဲဒါကြောင့်  မြန်မာနိုင်ငံမှာ  စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူချောမွေ့ရေးက  စဉ်ဆက်မ ပြတ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူလာပါက ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း ပိုမိုတိုးတက်လာမှာ ဖြစ်ကြောင်းကိုလည်း ဒုတိယသမ္မတ ထည့်သွင်း ပြောကြားခဲ့ပါတယ် ။
