ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အိန္ဒိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံ

0
115

အိန္ဒိယသမ္မတနိုင်ငံမှာ ရောက်ရှိနေတဲ့  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့က ဖေဖော်ဝါရီလ  ၇ ရက်နေ့ (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပတဲ့ ဧရိယာရှိ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ယာယီဧည့်ခန်းဆောင်မှာ တွေ့ ဆုံခဲ့ကြတာ ဖြစ်ပါတယ် ။

တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွား ကြရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ် ။



အိန္ဒိယသမ္မတနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့က ဖေဖော်ဝါရီလ ၇ ရက်နေ့ (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပတဲ့ ဧရိယာရှိ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ယာယီဧည့်ခန်းဆောင်မှာ တွေ့ ဆုံခဲ့ကြတာ ဖြစ်ပါတယ် ။

တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွား ကြရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ် ။

မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့က DefExpo India – 2020 ပြပွဲမှာ ဖွင့်လှစ်ထားတဲ့ ဖွင့်လှစ်ပြသထားတဲ့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း(DRDO)ရဲ့ တီထွင်စမ်း သပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ရေးပစ္စည်းများ၊ အိန္ဒိယနိုင်ငံ ပုဂ္ဂလိကကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ အဖွဲ့အစည်းတွေက ခင်းကျင်းပြသထားတဲ့ ကာကွယ်ရေးပစ္စည်းတွေ အပါအဝင် ပြည်ပနိုင်ငံ အသီးသီးက ပြပွဲ လာရောက် ခင်းကျင်းပြသတဲ့ ကာကွယ်ရေး ပစ္စည်းတွေကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ် ။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)