ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားအားလုံးပူးပေါင်းဆောင်ရွက်ဖို့ သမ္မတ တိုက်တွန်း

0
43

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်   တိုက်တွန်းပြောကြားလိုက်ပါတယ် ။

မနေ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က  တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းမှာ ကျင်းပခဲ့တဲ့ ၇၃ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနား  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေပါစေ ပြင်းထန်သော ဆန္ဒ၊ ခိုင်မာသော စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံကာ ကျော်လွှားဖြတ်သန်း ရမှာဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့် ကပြောကြားခဲ့တာ ဖြစ်ပါတယ် ။
