တကၠစီေပၚမွာ လုယက္ခံရေၾကာင္း လိမ္လည္တိုင္တန္းတဲ့ အမ်ိဳးသမီး ေထာင္ ၃ လ က်

0
1269

တကၠစီေပၚမွာ လုယက္ခံရေၾကာင္း ၾကည့္ျမင္တိုင္ရဲစခန္းမွာ လာေရာက္ လိမ္လည္ တိုင္တန္းတဲ့ အမ်ိဳးသမီးကို မမွန္သတင္းေပးတိုင္တန္းမႈနဲ႔ ေထာင္ဒဏ္ ၃ လ ခ်မွတ္လိုက္ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၇ ရက္ေန႔ မနက္ပိုင္းက မအူပင္ၿမိဳ႕နယ္ေနသူ မလိႈင္ႏွင္းေဝက မိဘေတြနဲ႔ ခ်ိန္းထားတဲ့အတြက္ သရက္ေတာ ေက်ာင္းတိုက္အနီးကေန ကယ္လ္ဒီနာ အမ်ိဳးအစား တကၠစီကို ငွားရမ္းစီးနင္းရာမွာ ေျမနီကုန္းလမ္းဆံုမွာ မီးပြိဳင့္မိစဥ္ အမ်ိဳးသားတစ္ဦး ကားေပၚတက္လာၿပီး လက္ႏွစ္ဖက္ခ်ဳပ္၊ ပါးစပ္ပိတ္၊ ယာဥ္ေမာင္းဆီက ကတ္ေၾကးေတာင္းကာ အက်ႌက်ိ ၿဖဲခဲ့ေၾကာင္း၊ ၾကယ္သီးႏွစ္လံုးျပဳတ္ၿပီး ပိုက္ဆံအိတ္ အလုခံရေၾကာင္း လာေရာက္ တိုင္တန္းခဲ့ပါတယ္။

လက္ကိုင္ဖုန္း ၁ လံုးနဲ႔ ေငြက်ပ္ ၅ သိန္း ၃ ေသာင္း ထည့္ထားတဲ့ ပိုက္ဆံအိတ္ ပါသြားေၾကာင္း တိုင္တန္းတဲ့အတြက္ စံုစမ္းေဆာင္ရြက္ရာမွာ မလိႈင္ႏွင္းေဝရဲ႕ ထြက္ဆိုခ်က္ ေရွ႕ေနာက္မညီဘဲ သူေျပာတဲ့ တကၠစီ ျဖတ္သန္းရာ လမ္းမွာလည္း မွတ္တမ္းမေတြ႔ရတဲ့အတြက္ အေသးစိတ္ ထပ္စစ္ခဲ့ပါတယ္။

အဲဒီလို စစ္ေဆးရာက ပိုက္ဆံေပးမယ္ဆိုၿပီး မိဘေတြကို ရန္ကုန္ေခၚထားရာက ေပးစရာမရွိတဲ့အတြက္ လိမ္လည္တိုင္တန္းေၾကာင္း ေပၚေပါက္ခဲ့တာေၾကာင့္ ၾကည့္ျမင္တိုင္ တရား႐ံုးက လိႈင္ႏွင္းေဝကို အလုပ္နဲ႔ ေထာင္ဒဏ္ ၃ လ ခ်မွတ္လိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကစီပေါ်မှာ လုယက်ခံရကြောင်း လိမ်လည်တိုင်တန်းတဲ့ အမျိုးသမီး ထောင် ၃ လ ကျ

တက္ကစီပေါ်မှာ လုယက်ခံရကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှာ လာရောက် လိမ်လည် တိုင်တန်းတဲ့ အမျိုးသမီးကို မမှန်သတင်းပေးတိုင်တန်းမှုနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းက မအူပင်မြို့နယ်နေသူ မလှိုင်နှင်းဝေက မိဘတွေနဲ့ ချိန်းထားတဲ့အတွက် သရက်တော ကျောင်းတိုက်အနီးကနေ ကယ်လ်ဒီနာ အမျိုးအစား တက္ကစီကို ငှားရမ်းစီးနင်းရာမှာ မြေနီကုန်းလမ်းဆုံမှာ မီးပွိုင့်မိစဉ် အမျိုးသားတစ်ဦး ကားပေါ်တက်လာပြီး လက်နှစ်ဖက်ချုပ်၊ ပါးစပ်ပိတ်၊ ယာဉ်မောင်းဆီက ကတ်ကြေးတောင်းကာ အင်္ကျီကျိ ဖြဲခဲ့ကြောင်း၊ ကြယ်သီးနှစ်လုံးပြုတ်ပြီး ပိုက်ဆံအိတ် အလုခံရကြောင်း လာရောက် တိုင်တန်းခဲ့ပါတယ်။

လက်ကိုင်ဖုန်း ၁ လုံးနဲ့ ငွေကျပ် ၅ သိန်း ၃ သောင်း ထည့်ထားတဲ့ ပိုက်ဆံအိတ် ပါသွားကြောင်း တိုင်တန်းတဲ့အတွက် စုံစမ်းဆောင်ရွက်ရာမှာ မလှိုင်နှင်းဝေရဲ့ ထွက်ဆိုချက် ရှေ့နောက်မညီဘဲ သူပြောတဲ့ တက္ကစီ ဖြတ်သန်းရာ လမ်းမှာလည်း မှတ်တမ်းမတွေ့ရတဲ့အတွက် အသေးစိတ် ထပ်စစ်ခဲ့ပါတယ်။

အဲဒီလို စစ်ဆေးရာက ပိုက်ဆံပေးမယ်ဆိုပြီး မိဘတွေကို ရန်ကုန်ခေါ်ထားရာက ပေးစရာမရှိတဲ့အတွက် လိမ်လည်တိုင်တန်းကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် ကြည့်မြင်တိုင် တရားရုံးက လှိုင်နှင်းဝေကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)