
0
1220


အဆင့်မြင့်ပညာဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း အနေနဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပေးကြောင်းကို မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညို ရဲ့ အရှေ့မှာ ကတိပေးခဲ့ တာဖြစ်ပြီး ကျောင်းပြန်တက်ခွင့်ရတာနဲ့ ပညားရေး အသုံးစရိတ်ကို ဆက်လက်ပြီးတောင်းဆိုသွားမှာ ဖြစ်တယ်လို့ ကော်မတီဝင် ကိုနောင်ထက်အောင်ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပေး

ပညာရေးအသုံးစရိတ် မြှင့်တင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အတွက် ပညာသင်ကြားခွင့် ရပ်စဲခံရတဲ့ ကျောင်းသား ၅၆ ယောက်ကို ကျောင်းပြန်တက်ခွင့်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက နှုတ်ကတိပေးလိုက်ပြီလို့ ပညားရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီက ကော်မတီဝင် ကိုနောင်ထက်အောင်က MCN သတင်းဌာန ပြောပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း အနေနဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပေးကြောင်းကို မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညို ရဲ့ အရှေ့မှာ ကတိပေးခဲ့ တာဖြစ်ပြီး ကျောင်းပြန်တက်ခွင့်ရတာနဲ့ ပညားရေး အသုံးစရိတ်ကို ဆက်လက်ပြီးတောင်းဆိုသွားမှာ ုဖြစ်တယ်လို့ ကော်မတီဝင် ကိုနောင်ထက်အောင်ပြောပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန အနေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ပေးကြောင်းကို တရားဝင် ကြေညာချက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)