မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ေပးေရး ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ (႐ုပ္/သံ)

0
1079

မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ေပးေရး ဆႏၵထုတ္ေဖာ္ပြဲကို ျမန္မာအမ်ိဳးသမီး ေစာင့္ေရွာက္ေရးအဖြဲ႕က ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ တရား႐ံုးအနီးမွာ ျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ၿပီးခဲ႔တဲ႔ ဇန္နဝါရီလက အစားအေသာက္နဲ႕ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က ဒုတိယႀကီးၾကပ္ေရးမွဴး အမ်ိဳးသမီးတစ္ဦးကို ရက္စက္စြာ သတ္ျဖတ္ခဲ႔တဲ႔အတြက္ အမ်ိဳးသမီးေတြစုေပါင္းၿပီး မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ေပးေရး ဥပေဒျပဌာန္းေပးဖို႔ လက္မွတ္ေကာက္ခံတာေတြ ျပဳလုပ္ခဲ႔ပါတယ္။

ေဖေဖၚဝါရီလ ၈ ရက္ေန႔က FDA က အမ်ိဳးသမီးအသတ္ခံရမႈ က်ဴးလြန္သူကို ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းတရားရုံးမွာ ရုံးထုတ္စစ္ေဆးရာမွာ ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႔က မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ေပးေရး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

အင္တာဗ်ဴး— မတင္သႏၱာ အဖြဲ႔ဝင္ ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႔

မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ေပးေရးဥပေဒျပဌာန္းေပးဖို႔အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးသြားဖို႔ရွိေနၿပီး လႊတ္ေတာ္ကတဆင့္ ဥပေဒျပဌာန္းႏိုင္ေရးအတြက္ကိုပါ ႀကိဳးစားသြားမယ္လို႔ ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႔က ေျပာပါတယ္။

အင္တာဗ်ဴး— မတင္ေဆြျမင့္ ျပန္ၾကားေရးတာဝန္ခံ ျမန္မာအမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႔

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ေပးေရး ဥပေဒျပဌာန္းႏိုင္ဖို႔ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ လူထုလက္မွတ္ ေကာက္ခံခဲ့ၿပီး လူထုလက္မွတ္ ၃ သိန္းရရွိပါက လႊတ္ေတာ္နဲ႔ အစိုးရထိပ္ပိုင္း ေခါင္းေဆာင္ေတြကိုပါ ေပးပို႕သြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးရေး ဆန္ဒထုတ်ဖော်ပွဲကို မြန်မာအမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် တရားရုံးအနီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဒုတိယကြီးကြပ်ရေးမှူး အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အတွက် အမျိုးသမီးတွေစုပေါင်းပြီး မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးရေး ဥပဒေပြဌာန်းပေးဖို့ လက်မှတ်ကောက်ခံတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့က FDA က အမျိုးသမီးအသတ်ခံရမှု ကျူးလွန်သူကို ဒဂုံမြို့သစ်မြောက်ပိုင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အင်တာဗျူး— မတင်သန္တာ အဖွဲ့ဝင် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့

မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးရေးဥပဒေပြဌာန်းပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ရှိနေပြီး လွှတ်တော်ကတဆင့် ဥပဒေပြဌာန်းနိုင်ရေးအတွက်ကိုပါ ကြိုးစားသွားမယ်လို့ မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

အင်တာဗျူး— မတင်ဆွေမြင့် ပြန်ကြားရေးတာဝန်ခံ မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးရေး ဥပဒေပြဌာန်းနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလက်မှတ် ကောက်ခံခဲ့ပြီး လူထုလက်မှတ် ၃ သိန်းရရှိပါက လွှတ်တော်နဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေကိုပါ ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျာ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)