NLD အစိုးရ ပညာေရးအသံုးစရိတ္ မူလခန္႔မွန္းေျခထက္ က်ပ္ေငြ ဘီလီယံေပါင္း ၃၀ ေလွ်ာ့ခ်အသံုးျပဳခဲ့

0
1073

NLD အစိုးရအေနနဲ႔ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္ထဲမွာ ပညာေရးအသံုးစရိတ္ေတြကို မူလခန္႔မွန္းေျခထက္ က်ပ္ေငြ ဘီလီယံေပါင္း ၃၀ ေလွ်ာ့ခ်အသံုးျပဳခဲ့တယ္လို႔ သတင္းထုတ္ျပန္လာပါတယ္။

ေဖေဖာ္၀ါရီလ ၈ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာေတြမွာ အဲ့ဒီ ရသံုးမွန္းေျခေငြစာရင္းဦးစီးဌာန၊ ဗဟိုစာရင္းအင္းအဖြဲ႔၊ သတင္းအခ်က္အလက္ယူနစ္က အခ်က္အလက္ေတြကို ကိုးကားၿပီး သတင္းထုတ္ျပန္လာတာပါ။

အဲ့ဒီ ထုတ္ျပန္ခ်က္ေတြအရ ပညာေရးအသံုးစရိတ္ေတြကို ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြက္ မူလခန္႔မွန္းေျခ က်ပ္ေငြ ဘီလီယံေပါင္း ၁၇၅၆ အထိ ရွိခဲ့ေပမယ့္ ျပဳျပင္ၿပီး ခန္႔မွန္းေျခမွာ ၁၇၂၆ ရွိခဲ့ၿပီး မူလခန္႔မွန္းမႈထက္ က်ပ္ေငြဘီလီယံ ၃၀ ေလွ်ာ့ခ် သံုးဆြဲခဲ့တာျဖစ္ပါတယ္။

၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္တုန္းက က်ပ္ေငြ ဘီလီယံ ၇၆၀ ေက်ာ္သာ အသံုးျပဳခဲ့ရာကေန ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွာေတာ့ က်ပ္ေငြဘီလီယံ ၁၇၂၆ အထိ ထက္၀က္ေက်ာ္ အသံုးျပဳတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရ ပညာရေးအသုံးစရိတ် မူလခန့်မှန်းခြေထက် ကျပ်ငွေ ဘီလီယံပေါင်း ၃၀ လျှော့ချအသုံးပြုခဲ့

NLD အစိုးရအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထဲမှာ ပညာရေးအသုံးစရိတ်တွေကို မူလခန့်မှန်းခြေထက် ကျပ်ငွေ ဘီလီယံပေါင်း ၃၀ လျှော့ချအသုံးပြုခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အဲ့ဒီ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်က အချက်အလက်တွေကို ကိုးကားပြီး သတင်းထုတ်ပြန်လာတာပါ။

အဲ့ဒီ ထုတ်ပြန်ချက်တွေအရ ပညာရေးအသုံးစရိတ်တွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေ ကျပ်ငွေ ဘီလီယံပေါင်း ၁၇၅၆ အထိ ရှိခဲ့ပေမယ့် ပြုပြင်ပြီး ခန့်မှန်းခြေမှာ ၁၇၂၆ ရှိခဲ့ပြီး မူလခန့်မှန်းမှုထက် ကျပ်ငွေဘီလီယံ ၃၀ လျှော့ချ သုံးဆွဲခဲ့တာဖြစ်ပါတယ်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တုန်းက ကျပ်ငွေ ဘီလီယံ ၇၆၀ ကျော်သာ အသုံးပြုခဲ့ရာကနေ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ကျပ်ငွေဘီလီယံ ၁၇၂၆ အထိ ထက်ဝက်ကျော် အသုံးပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)