မံုရြာၿမိဳ႕မွာ သံဃာ ၁ ပါးနဲ႔ လူ ၁၆ ဦး ေခြး႐ူးကိုက္ခံရ

0
1014

စစ္ကိုင္းတိုင္း၊ မံုရြာၿမိဳ႕၊ သာစည္ရပ္ကြက္၊ သာစည္လမ္းမႀကီးမွာ ေခြး႐ူးတစ္ေကာင္က လိုက္ကိုက္လို႔ သံဃာ ၁ ပါးနဲ႔ လူ ၁၆ ဦး ေခြး႐ူးကိုက္ခံရပါတယ္။

လမ္းမႀကီးတစ္ေလွ်ာက္ သြားလာေနတဲ့ ၿမိဳ႕မေရႊဂူ ေက်ာင္းတိုက္က ဥဴးစႏၵာဝံသ၊ မံုရြာၿမိဳ႕ေန အမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၇ ဦးတို႔ ေခြး႐ူးကိုက္ဒဏ္ရာ အသီးသီးရရွိခဲ့တဲ့အတြက္ မံုရြာ ျပည္သူ႔ေဆး႐ံုမွာ ေဆးကုသမႈ ခံယူေနရပါတယ္။

ေဖေဖာ္၀ါရီလ ၂ ရက္ေန႔ နံနက္ပိုင္းကလည္း ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြျပည္သူ႔ ေဆး႐ံုႀကီး အနီးတ၀ိုက္မွာ ေခြး႐ူးလို႔ယူဆရတဲ႔ ေခြးမတစ္ေကာင္နဲ႔ အျခားေခြး တစ္ေကာင္က လမ္းသြားလမ္းလာေတြကို ကိုက္ခဲ့လို႔ ၂၃ ဦး ဒဏ္ရာရခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုံရွာမြို့မှာ သံဃာ ၁ ပါးနဲ့ လူ ၁၆ ဦး ခွေးရူးကိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ရပ်ကွက်၊ သာစည်လမ်းမကြီးမှာ ခွေးရူးတစ်ကောင်က လိုက်ကိုက်လို့ သံဃာ ၁ ပါးနဲ့ လူ ၁၆ ဦး ခွေးရူးကိုက်ခံရပါတယ်။

လမ်းမကြီးတစ်လျှောက် သွားလာနေတဲ့ မြို့မရွှေဂူ ကျောင်းတိုက်က ဥူးစန္ဒာဝံသ၊ မုံရွာမြို့နေ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၇ ဦးတို့ ခွေးရူးကိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တဲ့အတွက် မုံရွာ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေပြည်သူ့ ဆေးရုံကြီး အနီးတဝိုက်မှာ ခွေးရူးလို့ယူဆရတဲ့ ခွေးမတစ်ကောင်နဲ့ အခြားခွေး တစ်ကောင်က လမ်းသွားလမ်းလာတွေကို ကိုက်ခဲ့လို့ ၂၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)