ဆယ္ေက်ာ္သက္ ဘဂၤါလီ မိန္းကေလးေတြ လူကုန္ကူးမႈ ပစ္မွတ္ထားခံေနရ

0
379

ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းမွာ ဆယ္ေက်ာ္သက္ ဘဂၤါလီ မိန္းကေလးငယ္ေတြဟာ လူကုန္ကူးသူေတြရဲ႕ အဓိက ပစ္မွတ္ထားခံေနရပါတယ္။

လယ္ကြင္းေတြထဲမွာ လူစုကြဲသြားစဥ္ အသက္ ၁၃ ႏွစ္အရြယ္ သမီးျဖစ္သူ ေပ်ာက္ဆံုးသြားေၾကာင္း၊ လအနည္ငယ္ ၾကာၿပီးတဲ့ေနာက္မွာ သူ႔သမီးအေၾကာင္း စံုစမ္းရာမွာ အမ်ိဳးသမီးတစ္ဦးက သူ႔သမီးကို ခိုးယူသြားၿပီး ဒါကာၿမိဳ႕ကို ပို႔လိုက္ၿပီလို႔ သိရေၾကာင္း ဖခင္ျဖစ္သူ အလီ အကၠဘာက ေျပာပါတယ္။

အလီ အကၠဘာက သူ႔သမီးကို ခိုးယူၿပီး လူကုန္ကူးသူဟာ သူတို႔ လူမ်ိဳးေတြထဲက မိန္းမတစ္ေယာက္ေယာက္ပဲ ျဖစ္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ လူကုန္ကူးသူေတြဟာ ဒုကၡသည္စခန္းေတြထဲက မိန္းကေလးေတြကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။
ဒုကၡသည္စခန္းထဲက လူဦးေရ ၆၀ ရာခိုင္ႏႈန္းဟာ ကေလးသူငယ္ေတြ ျဖစ္ၿပီး လူကုန္ကူးမႈနဲ႔ အဓမၼျပဳက်င့္ခံရမႈေတြ မၾကာခန ေပၚေပါက္ေနပါတယ္။

လူကုန္ကူးသူေတြဟာ အကူအညီေပးသူလို အေယာင္ေဆာင္ၿပီး လခေကာင္းတဲ့ အလုပ္၊ ဒါမွမဟုတ္ လက္ထပ္အိမ္ေထာင္ျပဳဖို႔ ဖ်ားေယာင္းေလ့ ရွိပါတယ္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေတြကလည္း အဓမၼ လိင္ဆက္ဆံဖို႔နဲ႔ အဓမၼ လက္ထပ္ဖို႔အတြက္လည္း ဒုကၡသည္စခန္းက မိန္းကေလးေတြကို ပစ္မွတ္ထားၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆယ်ကျော်သက် ဘင်္ဂါလီ မိန်းကလေးတွေ လူကုန်ကူးမှု ပစ်မှတ်ထားခံနေရ

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှာ ဆယ်ကျော်သက် ဘင်္ဂါလီ မိန်းကလေးငယ်တွေဟာ လူကုန်ကူးသူတွေရဲ့ အဓိက ပစ်မှတ်ထားခံနေရပါတယ်။

လယ်ကွင်းတွေထဲမှာ လူစုကွဲသွားစဉ် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးသွားကြောင်း၊ လအနည်ငယ် ကြာပြီးတဲ့နောက်မှာ သူ့သမီးအကြောင်း စုံစမ်းရာမှာ အမျိုးသမီးတစ်ဦးက သူ့သမီးကို ခိုးယူသွားပြီး ဒါကာမြို့ကို ပို့လိုက်ပြီလို့ သိရကြောင်း ဖခင်ဖြစ်သူ အလီ အက္ကဘာက ပြောပါတယ်။

အလီ အက္ကဘာက သူ့သမီးကို ခိုးယူပြီး လူကုန်ကူးသူဟာ သူတို့ လူမျိုးတွေထဲက မိန်းမတစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လူကုန်ကူးသူတွေဟာ ဒုက္ခသည်စခန်းတွေထဲက မိန်းကလေးတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းထဲက လူဦးရေ ၆၀ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်ပြီး လူကုန်ကူးမှုနဲ့ အဓမ္မပြုကျင့်ခံရမှုတွေ မကြာခန ပေါ်ပေါက်နေပါတယ်။

လူကုန်ကူးသူတွေဟာ အကူအညီပေးသူလို အယောင်ဆောင်ပြီး လခကောင်းတဲ့ အလုပ်၊ ဒါမှမဟုတ် လက်ထပ်အိမ်ထောင်ပြုဖို့ ဖျားယောင်းလေ့ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကလည်း အဓမ္မ လိင်ဆက်ဆံဖို့နဲ့ အဓမ္မ လက်ထပ်ဖို့အတွက်လည်း ဒုက္ခသည်စခန်းက မိန်းကလေးတွေကို ပစ်မှတ်ထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)