
0
769

ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စမ်းချောင်းမြို့မရဲစခန်းမှာ (ပ) ၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၆ (ကာယိနြေ္ဒ ပျက်စီးစေမှု/ ခြိမ်းခြောက်မှု) တို့နဲ့ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိမှာ အာမခံနဲ့ လွှတ်ထားလို့ သူ့အိမ်မှာပဲ ရှိနေတာဖြစ်တယ်လို့ ဗေဒင်ဆရာ အောင်ချစ်ပိုက MCN သတင်းဌာနကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ဗေဒင်ဆရာ အောင်ချစ်ပိုကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင်က ကာယိနြေ္ဒ ပျက်စီးစေရန် အကြံနဲ့ လက်ရောက်ကျူးလွန်မှု ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ခဲ့တာပါ။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗေဒင်ဆရာ အောင်ချစ်ပိုကို အာမခံနဲ့ ပြန်လွှတ်ထား

ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စမ်းချောင်းမြို့မရဲစခန်းမှာ (ပ) ၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၆ (ကာယိန္ဒြေ ပျက်စီးစေမှု/ ခြိမ်းခြောက်မှု) တို့နဲ့ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိမှာ အာမခံနဲ့ လွှတ်ထားလို့ သူ့အိမ်မှာပဲ ရှိနေတာဖြစ်တယ်လို့ ဗေဒင်ဆရာ အောင်ချစ်ပိုက MCN သတင်းဌာနကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ဗေဒင်ဆရာ အောင်ချစ်ပိုကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင်က ကာယိန္ဒြေ ပျက်စီးစေရန် အကြံနဲ့ လက်ရောက်ကျူးလွန်မှု ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ခဲ့တာပါ။

ဗေဒင်ဟောခန်းထဲမှာ အမျိုးသမီးတွေကို မဖွယ်မရာ ပြုမူပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး အမှုဖွင့်ခံထားရတဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုကို ရဲစခန်းက နောက်တစ်ကြိမ် ပြန်ချိန်းထားတယ်လို့ သူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)