သီေပါမွာ ေဒသႏၲရလက္လုပ္မိုင္း ေပါက္ကြဲ၊ သံဃာေတာ္ ၁ ပါးနဲ႔ အမ်ိဳးသမီး ၁ ဦး ဒဏ္ရာရ

0
393

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္၊ ဟုိစန္႔ေက်းရြာေန တင္မ်ိဳထြန္း (၃၉) ႏွစ္ရဲ႕ ေနအိမ္ေရွ႕ ၿခံစည္း႐ိုးေဘး သီေပါ-နမ့္လန္-လြယ္လင္သြား ကားလမ္းမွာ ေဒသႏၱရ လက္လုပ္မုိင္း တစ္လံုး ေပါက္ကြဲခဲ့ပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ၿခံစည္း႐ိုးေဘးမွာ ထုိင္ေနတဲ့ မေအးလ်န္ (၃၂ ႏွစ္) မွာ ဒဏ္ရာ မစုိးရိမ္ရနဲ႔ လာ႐ိႈးၿမိဳ႕ ဓမၼဂုဏ္ရည္ ေက်ာင္းတုိက္က ဦးဇနိႏၵ (၆၈ ႏွစ္) မွာ ဒဏ္ရာ မစိုးရိမ္ရတို႔ ရရွိခဲ့တာေၾကာင့္ နမ့္လန္ ျပည္သူ႔ေဆး႐ံုကို ပုိ႔ေဆာင္ကုသေပးေနပါတယ္။

ေပါက္ကြဲတဲ့ ေနရာမွာ သံေဘာေစ့ေတြ ေတြ႔ရွိခဲ့ရၿပီး ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ ပတ္သတ္လို႔ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီပေါမှာ ဒေသန္တရလက်လုပ်မိုင်း ပေါက်ကွဲ၊ သံဃာတော် ၁ ပါးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ဟိုစန့်ကျေးရွာနေ တင်မျိုထွန်း (၃၉) နှစ်ရဲ့ နေအိမ်ရှေ့ ခြံစည်းရိုးဘေး သီပေါ-နမ့်လန်-လွယ်လင်သွား ကားလမ်းမှာ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးဘေးမှာ ထိုင်နေတဲ့ မအေးလျန် (၃၂ နှစ်) မှာ ဒဏ်ရာ မစိုးရိမ်ရနဲ့ လာရှိုးမြို့ ဓမ္မဂုဏ်ရည် ကျောင်းတိုက်က ဦးဇနိန္ဒ (၆၈ နှစ်) မှာ ဒဏ်ရာ မစိုးရိမ်ရတို့ ရရှိခဲ့တာကြောင့် နမ့်လန် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးနေပါတယ်။

ပေါက်ကွဲတဲ့ နေရာမှာ သံဘောစေ့တွေ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သတ်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)