AP သတင္းဌာန ေတာင္းပန္ဖို႔လိုၿပီး အမွန္ျပင္ဆင္ရမယ္လို႔ ဒု ဝန္ႀကီး ဦးေအာင္လွထြန္း ေျပာ

0
1438

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ဂူတာျပင္ေက်းရြာမွာ လူေတြသတ္ၿပီး ျမွဳပ္ထားတဲ့ ေနရာ ၅ ခု ရွိတယ္ဆိုၿပီး ေရးသားခဲ့မႈနဲ႔ ပတ္သက္လို႔ မမွန္ကန္တာေၾကာင့္ AP သတင္းဌာနအေနနဲ႔ ေတာင္းပန္ဖို႔ လိုၿပီး သတင္းအမွန္ ျပန္လည္ ျပင္ဆင္ရမယ္လို႔ ျပန္ၾကားေရး ဒု ဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာပါတယ္။

AP သတင္းဌာနဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ သံုးႏွစ္တုန္းကလည္း အစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္ ျမွဳပ္ႏွံမႈ ရွိေၾကာင္း အခုလို မွားခဲ့ဖူးၿပီး နာမည္ေက်ာ္ သတင္းဌာနႀကီးအေနနဲ႔ ဒီကိစၥကိုပဲ ႏွစ္ႀကိမ္ မမွားသင့္ဘူးလို႔ ဒု ဝန္ႀကီး ဦးေအာင္လွထြန္းက RFA နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္။

အမွန္ကို ျပန္ျပင္မယ္ဆိုရင္ AP ကေန သတင္းဝယ္ယူေဖာ္ျပေနတဲ့ မီဒီယာအဖြဲ႔အစည္းေတြကိုလည္း ျပန္ျပင္ေရးဖို႔ ေျပာရမွာ ျဖစ္ေၾကာင္းနဲ႔ မဟုတ္ရင္ ဒီအမွားေပၚမွာပဲ မွတ္ခ်က္ေတြေပး၊ မူဝါဒေတြ ခ်မွတ္ေနလိမ့္မယ္လို႔လည္း ဦးေအာင္လွထြန္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AP သတင်းဌာန တောင်းပန်ဖို့လိုပြီး အမှန်ပြင်ဆင်ရမယ်လို့ ဒု ဝန်ကြီး ဦးအောင်လှထွန်း ပြော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ဂူတာပြင်ကျေးရွာမှာ လူတွေသတ်ပြီး မြှုပ်ထားတဲ့ နေရာ ၅ ခု ရှိတယ်ဆိုပြီး ရေးသားခဲ့မှုနဲ့ ပတ်သက်လို့ မမှန်ကန်တာကြောင့် AP သတင်းဌာနအနေနဲ့ တောင်းပန်ဖို့ လိုပြီး သတင်းအမှန် ပြန်လည် ပြင်ဆင်ရမယ်လို့ ပြန်ကြားရေး ဒု ဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

AP သတင်းဌာနဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်တုန်းကလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှု ရှိကြောင်း အခုလို မှားခဲ့ဖူးပြီး နာမည်ကျော် သတင်းဌာနကြီးအနေနဲ့ ဒီကိစ္စကိုပဲ နှစ်ကြိမ် မမှားသင့်ဘူးလို့ ဒု ဝန်ကြီး ဦးအောင်လှထွန်းက RFA နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

အမှန်ကို ပြန်ပြင်မယ်ဆိုရင် AP ကနေ သတင်းဝယ်ယူဖော်ပြနေတဲ့ မီဒီယာအဖွဲ့အစည်းတွေကိုလည်း ပြန်ပြင်ရေးဖို့ ပြောရမှာ ဖြစ်ကြောင်းနဲ့ မဟုတ်ရင် ဒီအမှားပေါ်မှာပဲ မှတ်ချက်တွေပေး၊ မူဝါဒတွေ ချမှတ်နေလိမ့်မယ်လို့လည်း ဦးအောင်လှထွန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)