
0
1236




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်မှု တိုက်ဖျက်ရေး မြန်မာကို အင်ဒိုနီးရှား ကူညီမယ်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာလို့ ဖြေရှင်းရမယ်ဆိုရင် အင်ဒိုနီးရှားအနေနဲ့ အကူအညီပေးမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား လုံခြုံရေး၊ ဥပဒေနှင့် နိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဝီရန်တိုက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ဒုက္ခသည်တွေ ပြန်လည် လက်ခံမှုနဲ့အတူ IS အစ္စလာမ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်သူတွေရဲ့ ခြိမ်းခြောက်မှု ရှိလာမယ့်အပေါ် စိုးရိမ်ပူပန်မှု ရှိနေတယ်လို့ ဝန်ကြီး ဝီရန်တိုက ပြောပါတယ်။

ကျွန်တော်တို့ သိထားတာတွေ၊ အတွေ့အကြုံတွေနဲ့ ဒေသတွင်း အကြမ်းဖက်သမားတွေ ခြေကုပ်စခန်းသစ်ယူမယ့် ကိစ္စကို တားဆီးဖို့ ကူညီမှာ ဖြစ်ကြောင်း၊ ဖိလစ်ပိုင်မှာ IS အကြမ်းဖက်အဖွဲ့ဟာ အားနည်းပြီး ခြေကုပ်စခန်းတွေ ဆုံးရှုံးသွားပြီ ဖြစ်ကြောင်းနဲ့ ဒေသတွင်းမှာ ခြေကုပ်စခန်းသစ် ယူဖို့ ရှာဖွေလာနိုင်ကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)