ႏိုင္ငံ ၈ ႏိုင္ငံက ဘဂၤါလီ ဒုကၡသည္အေရး ကုလ လံုၿခံဳေရး ေကာင္စီမွာ ေဆြးေႏြးဖို႔ ေတာင္းဆို

0
1059

ၿဗိတိန္၊ ျပင္သစ္၊ အေမရိကန္နဲ႔ တျခား ၅ ႏိုင္ငံတို႔က ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ဒုကၡသည္ေတြအေရး ေဆြးေႏြးဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

မႏွစ္က ၾသဂုတ္လ ရခိုင္ျပည္နယ္ ပဋိပကၡမွာ လံုၿခံဳေရးတပ္ဖြဲ႔က နယ္ေျမရွင္းလင္းမႈ ျဖစ္ၿပီးေနာက္ အက်ပ္အတည္းဆိုင္ရာ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး ဖိလစ္ပို ဂရန္ဒီရဲ႕ တင္ျပမႈကို လံုၿခံဳေရးေကာင္စီက ေရွ႕တစ္ပတ္မွာ ၾကားနာမွာ ျဖစ္တယ္လို႔ သံတမန္ေတြက ေျပာပါတယ္။

လံုၿခံဳေရးေကာင္စီက ျမန္မာ လံုၿခံဳေရး တပ္ဖြဲ႔ေတြကို ထိန္းခ်ဳပ္ေရးနဲ႔ ဒုကၡသည္ေတြ အိမ္ျပန္ေရး ေတာင္ဆိုခ်က္ ထုတ္ၿပီး သံုးလအၾကာမွာ အခုလို အစည္းအေဝး ထပ္လုပ္မွာ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို ေရာက္ေနတဲ့ ဒုကၡသည္ ၇ သိန္းခြဲေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံ ၈ နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်အရေး ကုလ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆို

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တခြား ၅ နိုင်ငံတို့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မနှစ်က သြဂုတ်လ ရခိုင်ပြည်နယ် ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းမှု ဖြစ်ပြီးနောက် အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီရဲ့ တင်ပြမှုကို လုံခြုံရေးကောင်စီက ရှေ့တစ်ပတ်မှာ ကြားနာမှာ ဖြစ်တယ်လို့ သံတမန်တွေက ပြောပါတယ်။

လုံခြုံရေးကောင်စီက မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ထိန်းချုပ်ရေးနဲ့ ဒုက္ခသည်တွေ အိမ်ပြန်ရေး တောင်ဆိုချက် ထုတ်ပြီး သုံးလအကြာမှာ အခုလို အစည်းအဝေး ထပ်လုပ်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ဒုက္ခသည် ၇ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)