
0
959




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ တစ်ရက်အတွင်း အမှုပေါင်း ၆၅ မှု ဖမ်းဆီးခဲ့

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လင်းယုန်စီမံချက်အနေနဲ့ ဒုစရိုက်သမားတွေကို ဖမ်းဆီးနှိမ်နင်းခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့ တစ်ရက်တည်းမှာ ရန်ကုန်တိုင်း ခရိုင်သုံးခုအတွင်း တရားခံပြေး အပါအဝင် ခိုး၊ ဆိုး၊ လု၊ နိုက် အမှုပေါင်း ၆၅ မှုကို ဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်မှာ ၈ မှု၊ အနောက်ပိုင်းခရိုင်မှာ အမှု ၂၀၊ တောင်ပိုင်းခရိုင်မှာ ၃၇ မှု၊ စုစုပေါင်း ၆၅ မှုအထိ တစ်နေ့တည်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လင်းယုန်စီမံချက်ကို အရှိန်မြင့်တင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)