
0
988




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းမှာ ခွင့်ပြုထားတဲ့ ကာရာအိုကေလုပ်ငန်း လိုင်စင် ၃၂၆ ခု ရှိ

ရန်ကုန်တိုင်းမှာ သတ်မှတ်စည်းကမ်းချက် ၁၇ ချက်ပေါ် မူတည်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ခွင့်ပြုထားတဲ့ ကာရာအိုကေလုပ်ငန်း လိုင်စင် ၃၂၆ ခု ရှိပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်မှာ မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့က ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းတဲ့အတွက် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလက ဒီဇင်ဘာအထိ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကို ကာရာအိုကေ လုပ်ငန်းလိုင်စင် အသစ်ထုတ်ပေးခြင်းနဲ့ သက်တမ်းတိုးခြင်းကနေ ဝင်ငွေအဖြစ် ငွေကျပ် ၄၁ သန်းကျော် ပေးသွင်းထားပြီး ဘဏ္ဍာနှစ် အကုန်မှာ ကာရာအိုကေ လုပ်ငန်းတွေက ရငွေအဖြစ် ကျပ် ၅၄ သန်းကျော် ပေးသွင်းနိုင်မယ်လို့ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)