တရားမဝင္ ဝင္ေရာက္လာသူ မ်ားျပားလြန္းလို႔ ဌာေနတိုင္းရင္းသားေတြ ေနရပ္စြန္႔ခြာရ

0
509

တစ္ဖက္ႏိုင္ငံက တရားမဝင္ ဝင္ေရာက္လာသူေတြ အလြန္မ်ားျပားလာတဲ့အတြက္ လူဦးေရ အခ်ိဳးမညီမွ်မႈ ျဖစ္ေေပၚၿပီး ၿခိမ္းေျခာက္ခံရျခင္း၊ အၾကမ္းဖက္ တိုက္ခိုက္ခံရျခင္းတို႔ေၾကာင့္ ရခိုင္ျပည္နယ္မွာ ဌာေန တိုင္းရင္းသားေတြ ေနရပ္စြန္႔ခြာေနရတာ ျဖစ္တယ္လို႔ ဘူးသီးေတာင္ မဲဆႏၵနယ္က ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၇ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ဦးေအာင္ေသာင္းေရႊက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေန ရခိုင္တိုင္းရင္းသားေတြရဲ႕ စိတ္ပိုင္း၊ ႐ုပ္ပိုင္း မလံုၿခံဳမႈမ်ား၊ စိုးရိမ္ေသာက ျဖစ္ရမႈမ်ား အျမင့္ဆံုး အေျခအေန ေရာက္ရွိေနတာေၾကာင့္ ေနရပ္စြန္႔ခြာ ေရႊ႕ေျပာင္းမႈ ျမင့္မားေနၿပီး ေနရပ္ကို ျပန္လည္ အေျခစိုက္ ေနထိုင္ဖို႔ စိုးရိမ္ေၾကာက္ရြံ႕ေနတယ္လို႔ ေျပာပါတယ္။

အဲဒါေၾကာင့္ အဲဒီေဒသရွိ တိုင္းရင္းသားျပည္သူေတြရဲ႕ အသက္၊ အိုးအိမ္လံုၿခံဳေရး၊ လူမႈဘဝဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ျပန္လည္ ထူေထာင္ေရးကို ေရတို၊ ေရရွည္စီမံကိန္းေတြနဲ႔ ပြင့္လင္းျမင္သာစြာ ခ်မွတ္ အေကာင္အထည္ ေဖာ္ေပးဖို႔ အစိုးရကို တိုက္တြန္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားမဝင် ဝင်ရောက်လာသူ များပြားလွန်းလို့ ဌာနေတိုင်းရင်းသားတွေ နေရပ်စွန့်ခွာရ

တစ်ဖက်နိုင်ငံက တရားမဝင် ဝင်ရောက်လာသူတွေ အလွန်များပြားလာတဲ့အတွက် လူဦးရေ အချိုးမညီမျှမှု ဖြစ်ပေါ်ပြီး ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတို့ကြောင့် ရခိုင်ပြည်နယ်မှာ ဌာနေ တိုင်းရင်းသားတွေ နေရပ်စွန့်ခွာနေရတာ ဖြစ်တယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးအောင်သောင်းရွှေက ရခိုင်ပြည်နယ် မြောက်ပိုင်းနေ ရခိုင်တိုင်းရင်းသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း မလုံခြုံမှုများ၊ စိုးရိမ်သောက ဖြစ်ရမှုများ အမြင့်ဆုံး အခြေအနေ ရောက်ရှိနေတာကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှု မြင့်မားနေပြီး နေရပ်ကို ပြန်လည် အခြေစိုက် နေထိုင်ဖို့ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် အဲဒီဒေသရှိ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ အိုးအိမ်လုံခြုံရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည် ထူထောင်ရေးကို ရေတို၊ ရေရှည်စီမံကိန်းတွေနဲ့ ပွင့်လင်းမြင်သာစွာ ချမှတ် အကောင်အထည် ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)