
0
963




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ စတင် ထုတ်ယူနိုင်

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား (Identity Card) ကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်၊ တနင်္လာနေ့ကစပြီး ထုတ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။
အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်း (ခွဲ) နဲ့ (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေဟာ မိမိတို့ရဲ့ စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားကို မိမိတို့ ကျောင်းအုပ်ကြီးတွေထံမှာ ထုတ်ယူကြရမှာ ဖြစ်ပါတယ်။

ပြင်ပကနေ ဖြေဆိုသူတွေက စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီကနေ ထုတ်ယူကြရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)