ကြံ့ခိုင်ရေး ပါတီဝင်တွေ ဆိုရှယ်မီဒီယာအပိုင်းမှာ အားကောင်းခိုင်မာ နေရမယ်

0
298

ကြံ့ခိုင်ရေး ပါတီဝင်တွေ ဆိုရှယ်မီဒီယာအပိုင်းမှာ အားကောင်းခိုင်မာ နေရမယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၈) ရက်နေ့က ကရင်ပြည်နယ်အတွင်းက ပါတီဝင်တွေနဲ့ ဘားအံမြို့မှာ တွေ့ဆုံစဉ်အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ဦးသန်းဌေးက ကြံ့ခိုင်ရေးပါတီအနေနဲ့ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာရင် ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်နေတယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် ပါတီဝင်အင်အားစိစစ်မှု ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကိုလည်း ပြည်နယ် ပါတီ တာဝန်ရှိသူတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)