OHCHR ရဲ့ စွပ်စွဲချက်တွေဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

0
276

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)က ထုတ်ပြန်ခဲ့တဲ့ စီရင်ခံစာထဲက စွပ်စွဲချက်တွေဟာ အလွန် စိုးရိမ်ဖွယ်ကောင်းတဲ့ သဘောသဘာဝရှိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

OHCHR ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းမှာ အဲဒီလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ထုတ်ပြန်ချက်ထဲမှာ အချက် ၇ ချက်ပါဝင်ပြီး ရခိုင်ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ နောက်ခံအချက်အလက်တွေကို အချက် ၆ ချက်နဲ့ ရှင်းလင်းဖော်ပြခဲ့တ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က လူ့အခွင့်အရေးအဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဇိုင်ယာ့ဒ်အယ်လ်ဟူစိန်နဲ့ တယ်လီဖုန်းပြောကြားရာမှာ ကျူးလွန်မှုတွေရှိတယ်လို့ အထောက်အထား အခိုင်အမာရှိရင် အစိုးရအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပြီးသားဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရသစ်အနေနဲ့ တာဝန်စယူချိန်ကစပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အထူးအလေးထားဆောင်ရွက်နေတာပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားမဝင်လုပ်ရပ်တွေကို ကျူးလွန်ဖောက်ဖျက်သူတွေကိုလည် အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)