ဘင်္ဂါလီတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် မှတ်ချက်ပေး

0
244

မြန်မာနိုင်ငံအတွင်းက လူနည်းစု ဘင်္ဂါလီတွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့၊ ကိုယ့် မွတ်ဆလင်တစ်ယောက်ရဲ့ သက်ဝင်ယုံကြည်မှုနဲ့ နေထိုင်နေတာချင်ကြတာကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထွက်ရှိပြီးနောက်မှာ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ အပတ်စဉ်ဟောပြောတဲ့ ဟောပြောချက်ထဲမှာ အခုလို ထည့်သွင်းပြောကြား ခဲ့တာပါ။

“ကျွန်ုပ်တို့ရဲ့ ဘင်္ဂါလီညီအစ်ကိုမောင်နှမတွေအတွက် အထူးနည်းလမ်းတစ်ရပ်အနေနဲ့ ဒီကနေ့မှာ သင်တို့နဲ့အတူ ဆုတောင်းပေးချင်ပါတယ်”လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဘယ်သူကမှ အလိုမရှိတဲ့အတွက် သူတို့ဟာ နိုင်ငံတစ်ဝန်း တစ်နေရာပြီးတစ်နေရာ ရောက်နေရကြောင်း၊ အမှန်တော့ ဘင်္ဂါလီတွေဟာ ခရစ်ယာန်တွေမဟုတ်ပေမဲ့လည်း ငြိမ်းချမ်းတဲ့ လူကောင်းတွေလို့ဖြစ်ကြကြောင်း၊ မိမိတို့ရဲ့ ညီအစ်ကိုမောင်နှမတွေသာ ဖြစ်ကြောင်း ပုပ်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်မင်းကြီး ဖရန်ဆစ်ဟာ အာဂျင်တီးနားက ရိုမန်ကက်သလစ် ဘုန်းကြီးတစ်ပါးဖြစ်ပြီး ပထမဆုံးသော လက်တင်အမေရိကန်ဒေသမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်း ဖြစ်ပါသည်။ ပုပ်ဖရန်ဆစ်ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာနိုင်ခြေရှိတယ်လို့လည်း ယူဆရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)