ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ OHCHR ရဲ့အစီရင်ခံမှာ စုံစမ်းဖို့လိုတဲ့ အချက်တွေ ရှိနေသေး

0
353

ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တချို့ကို ရှင်းလင်းပြီးသားဖြစ်ပေမဲ့ ဆက်လက် စုံစမ်းဖို့လိုတဲ့ အချက်တွေလည်းရှိနေသေးတယ်လို့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးတစ်ရပ်မှာ ခုလို ပြောကြားခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း ကုလသမဂ္ဂရဲ့ အစီခံစာပါ အချက်အလက်တွေနဲ့ စွပ်စွဲချက်တွေမှာ ကော်မရှင်အနေနဲ့ အလေးထား စုံစမ်းရမယ့် အချက်တွေ ပါရှိနိုင်တဲ့အတွက် ကော်မရှင်အနေနဲ့လည်း ညှိနှိုင်းမှု ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီးရုံး (OHCHR) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးအခြေအနေမတွေနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာ မှာပါရှိတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင် အတွင်းရေးမှူးတို့က ဆွေးနွေးပြီးနောက်မှာ ကော်မရှင်အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်းက လည်ဆွေးနွေးခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေကနားထောင်ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)