မန္တလေးမှာ ၂၄ နာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားမှုကြောင့် ၁၄၅ သိန်းဖိုး ပျက်စီးဆုံးရှုံး

0
231

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ ၂၄ နာရီအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။


(ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှုတစ်ခုကို တွေ့ရစဉ်)

ပထမအနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီခွဲမှာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ မြရတနာခန်းမမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၉ နာရီမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သနပ်ပင် ရပ်ကွက်အတွင်း လူနေအိမ် ၁၈ လုံး မီးလောင်မှုဖြစ်ပွားပြီး ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာပဲ အောင်မြေသာစံမြို့နယ် နန်းရှေ့ ၁၉ လမ်းနဲ့ ၂၂ ကြား ရေနီမြောင်းအနီး၊ အကွက် ၄၉ ခြံအမှတ် ၁၀၀ မှာ နေအိမ်တစ်လုံး မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေအနေနဲ့ မြရတနာခန်းမ မီးလောင်မှုကြောင့် ကာလတန်ဖိုး ၅၆ သိန်း၊ သနပ်ပင် ရပ်ကွက်အတွင်း လူနေအိမ်တွေ မီးလောင်မှုကြောင့် ၈၄ သိန်းနဲ့ အကွက် ၄၉ ခြံအမှတ် ၁၀၀ က လူနေအိမ် မီးလောင်မှုကြောင့် ၅ သိန်း၊ စုစုပေါင်း ၁၄၅ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)