ဒေါ်အောင်ဆန်းစုကြည်ကို WHO မြန်မာ ဌာနေကိုယ်စားလှယ်သစ် လာရောက် ဂါရဝပြု တွေ့ဆုံ

0
292

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံရတဲ့ ဒေါက်တာ စတီဖင်ပေါဂျော့စ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တွေ့ဆုံပြီး ခန့်အပ်လွှာ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နံနက် ၁၀ နာရီမှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လာရောက်ဂါရဝပြုတွေ့ဆုံတဲ့ စတီဖင်ပေါဂျော့စ်ကို လက်ခံတွေ့ဆုံပြီး ခန့်အပ်လွှာ ပေးအပ်ခဲ့တာပါ။

အဲဒီနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်တို့ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားလိုတဲ့ အစီအစဉ်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့သလို ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ လူသုံးဆေးဝါး ဖြန့်ဖြူးရေး၊ အာဟာရ ပြည့်ဝရေးနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်ဖြန့်ဖြူးရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)