သထုံမြို့က ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ယာဉ်ငါးစီး ဆင့်တိုက်

0
356

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေးအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖေါ်ဝါရီလ၇ရက်၊ ည၈နာရီက ယာဉ်၅စီးဆင့် တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီယာဉ်တိုက်မှုဟာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်ကို ယာဉ်မောင်း သီဟတင်ဌေး ၂၆ နှစ် (ဘ) ဦးခင်မြင့် ကျိုက်ထိုမြို့နယ်နေသူ မောင်းနှင်လာတဲ့ 4M/—- JAC အဖြူရောင် ကွန်ကရစ် သယ်ယာဉ်နဲ့မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်ကိုယာဉ်မောင်းအောင်မြင့်နိုင် ၃၂ နှစ် (ဘ) ဦးရွှေ တောင်ငူမြို့နေသူ မောင်းနှင်လာတဲ့ ယာဉ်အမှတ်၊ 9L/—- Nissan Diesel ၁၈ ဘီးယာဉ် (တွဲကား)တို့တိုက်မိကြပြီးကွန်ကရစ်သယ်ယာဉ်မှရှေ့မှသွားနေတဲ့ဘုရားဖူးမှန်လုံယာဉ်တစ်စီး၊ဟွန်ဒိုင်းတစ်စီးနဲ့အိမ်စီးမော်တော်ယာဉ်တစ်စီးတို့ကို ထပ်မံတိုက်မိခဲ့ကြတာပါ။

အဲဒီယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ တွဲကားမောင်းနှင်တဲ့ ယာဉ်မောင်း အောင်မြင့်နိုင်နဲ့ ကွန်ကရစ်သယ်ယဉ် မောင်းနှင်သူ သီဟတင်ဌေးတိုကိုသထုံမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၁၃/ —- ရာဇသတ်ကြီး ပုဒ်မ -၂၇၉ အရ အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)