မောင်တောမှာ တပ်မတော်ရေယာဉ်က တရားမဝင် ငါးဖမ်းစက်လှေကို ပစ်ခတ်ဟန့်တား

0
261

မောင်တောမြို့နယ် နတ်မြစ်အတွင်း တပ်မတော်ရေယာဉ်မှ လုံခြုံရေးတာဝန် ဆောင်ရွက်စဉ် ဖေဖော်ရီ ၆ ရက် နံနက် ၈ နာရီက တရားမ၀င် ငါးဖမ်းစက်လှေတစ်စီးကို ဟန့်တားပစ်ခတ်တားဆီးခဲ့ရပါတယ်။

အဲဒီပစ်ခတ်တားဆီးမှုဟာ ကညင်ချောင်းနဲ့ ညောင်ချောင်းအနီးမှာ မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းလှေ (၈)စီးခန့်တွေ့ရှိခဲ့တာကြောင့် တပ်မတော်ရေယာဉ်မှ မိမိတို့ပိုင်နက် အနီးဆုံး လှေကို စစ်ဆေးဖို့ သွားရောက်ရာမှာ တစ်ဖက်နိုင်ငံမှငါးဖမ်းလှေတွေက ဂရုမစိုက်ဘဲ အန္တရာယ်ပြုဖို့ အတင်းဝိုင်းရံတိုးကပ်လာတာကြောင့် စစ်သည်တွေက အသက်အန္တရာယ်နဲ့ လုံခြုံရေးအခြေနေတွေကြောင့် လက်နက်ငယ်(၂)ချက်ပစ်ခတ်တားဆီးခဲ့ရတာပါ။

အဲဒီလိုပစ်ခတ်မှုကြောင့်ငါးဖမ်းစက်လှေ ပေါ်ရှိ လှေသား(၂)ဦးကို ထိမှန်လဲကျခဲ့တာ တွေ့ရှိခဲ့ပြီး ကျန်လှေတွေက တစ်ဖက် နိုင်ငံ ရေပိုက်နက်အတွင်း ပြန်လည်ထွက်ပြေးဝင်ရောက်သွားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)