သီလဝါ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီ အရေအတွက် တိုးလာ

0
347

ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်မှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်စီးပွားရေး ကုမ္ပဏီတွေ တိုးပွားနေပါတယ်။

သီလဝါ အထူးစီးပွားရေး ဇုန်ရဲ့ ဇုန်(က)အပိုင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာကတည်းက ဖွင့်လှစ်ပြီး လုပ်ငန်း ဆောင်ရွက်ခဲ့တာပါ။

အဲဒီအပိုင်းမှာ ၂၀၁၅ စက်တင်ဘာကနေ အခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့အထိ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း ၇၈ ခုမှာ ထက်ဝက်က ဂျပန်နိုင်ငံက ကုမ္ပဏီတွေ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီတွေထဲကမှာ ကုမ္ပဏီ ၈ ခုကတော့ ကုန်ပစ္စည်း သိုလှောင်၊ ထောက်ပံ့ပို့ဆောင်ရေး ဆောင်ရွက်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)