တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေ ဖေဖော်ဝါရီ ၂၀ ရက်ကစတင် ထုတ်ယူနိုင်ပြီ

0
349

မတ်လ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး စာစစ်ဌာနတွေမှာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card)တွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စပြီး ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

အဲဒီလို ထုတ်ယူတဲ့နေရာမှာ အခြေခံပညာ အထက်တန်းကျောင်း(ကျောင်းခွဲ)နဲ့ (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ တက်ရောက်တဲ့ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးတွေဆီမှာ ကတ်ထုတ်ယူနိုင်ပြီး အပြင်ဖြေ ကျောင်းသားတွေကတော့ ကိုယ်ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသား/သူတွေ အနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရာမှာ အခက်အခဲရှိခဲ့ရင်လည်း သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဌာနကို တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)