လက်ရှိပညာရေးစနစ်မှာ ကျောင်းထွက်နှုန်းက ကျောင်းနေနှုန်းက ပိုများနေ

0
260

မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ အခြေခံပညာကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းထွက်နှုန်းက များနေပြီး အသားတင်ကျောင်းနေနှုန်းက နည်းပါးလျက်ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ၇ရက်နေ့မနက် ၉နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပတဲ့ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် ကျောင်းပညာရေးသာမက ကျောင်းပြင်ပရောက် ကလေးတွေနဲ့ စာမတတ်သူတွေရဲ့ပညာရေးကို အထူးအလေးထား ဆောင်ရွက်ဖို့လိုအပ်ပြီး ကျောင်းပြင်ပရောက်ကလေးတွေ ကျောင်းမှစောထွက်သွားသူတွေ စာမတတ်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်ပေါ်လာအောင် စာတတ်မြောက်မှု ပညာရေးနဲ့ အသိပညာကျွမ်းကျင်မှုတွေကို ကူညီဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)