မင်းဘူးမှာ ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်

0
301

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာမြောက်ဘက်၊ မင်းဘူး-မင်းလှကားလမ်း၊ ပေါင်းကူး တံတားအမှတ်(၃/၅)အနီး၊မိုင်တိုင်အမှတ်(၄/၄)နှင့်(၄/၅)အကြား၊မင်းလှမှမင်းဘူးဘက်ကို မောင်းနှင်လာတဲ့ ဆီဘောက်ဆာယာဉ်တစ်စီးဟာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျတိမ်းမှေက်ခဲ့ပါတယ်။

အဲဒီယာဉ်ဟာ9I/………NISSAN(၂၂)ဘီးဆီဘောက်ဆာယာဉ်ဖြစ်ပြီးမြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း၊ ရေနံဓါတုဗေဒစက်ရုံစု၊ မင်းလှမြို့နယ်၊ သံပုရာကန်မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ကို (ခွင့်ပြုချက်နဲ့)ရိုးရိုးဒီဇယ်ဆီ (၈၅၀၀)ဂါလံခန့်သယ်ဆောင်ပြီးမောင်းနှင်လာတာဖြစ်ပါတယ်။

အဲဒီယာဉ်ကိုယာဉ်မောင်းအောင်ဖြိုးကို(၂၇)နှစ်ကျောင်းကုန်းရပ်ကွက်အင်းစိန်မြို့နယ်နေသူမောင်းနှင်လာတာဖြစ်ပြီးယာဉ်တိမ်းမှောက်မှုကြောင့်မင်းဘူးမြို့မစခန်း ယာဉ်(ပ) ၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)