မင်းဘူးမြို့နယ်မှာ ခြင်မီးဖိုကနေ အိမ်ထရံကို မီးကူးစက်ပြီး မီးလောင်မှု ဖြစ်ပွား

0
304

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် စကုမြို့ ထီကြီးရပ်ကွက်နေ ဦးပေါက်စခြံမှာ ဖေဖေါ်ရီလ၈ရက်နေ့ည ၁၀း၅၅မိနစ်အချိန်က နွားခြံမှာ ထားတဲ ခြင်မီးဖိုမှ အကာထရံကိုကူးစက်ပြီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့်သွပ်မိုး၊ထရံကာ၊ ၀ါကြမ်းခင်းလူနေ အိမ် ပေါင်း ၇အိမ်လုံး ဆိုင်ကယ်(၂)စီး၊ စက်ဘီး (၄)စီး မီးလောင် ဆုံးရှုံး ခဲ့တာပါ။

မီးလောင်မှုဖြစ်ပွားရာကို မင်းဘူးမြို့ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေ နဲ့ပြည်သူတွေက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့နဲ့ ၀ိုင်ဝန်းမီးငြှိမ်းသတ်ရာ ည(၁၁း၃၀) မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ရဲ(ပ)နံပါတ် ၃၅/၂၀၁၇ ပုမ်မ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)